ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်ပြည်သူများမှ ကြိုဆိုနှုတ်ဆက်
နေပြည်တော် စက်တင်ဘာ ၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် တီယန်ကျင်းမြို့မှ ပေကျင်းမြို့သို့ ရထားဖြင့် သွားရောက်ခဲ့ကြောင်း သိရပါသည်။
ယာယီသမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အမြန်ရထားဖြင့် စီးနင်းလိုက်ပါလာကြပြီး လမ်းတစ်လျှောက် မြို့ပြဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရပါသည်။
ထို့နောက် ပေကျင်းမြို့ Southern Station ဘူတာသို့ ရောက်ရှိခဲ့ကြပြီး ပေကျင်းမြူနီစီပယ်အစိုးရမှ အဆင့်မြင့်အရာရှိကြီးများနှင့် တရုတ်ပြည်သူများက ကြိုဆိုခဲ့ကြောင်း သိရပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် မော်တော်ယာဥ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ကြရာ ကျောက်ယွိထိုင် နိုင်ငံတော်ဧည့်ဂေဟာသို့ ရောက်ရှိကြောင်း သိရပါသည်။
- Log in to post comments