မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံမည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုသောအချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ ဖြေကြား
နေပြည်တော် စက်တင်ဘာ ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၆ ရက်က ချန်ဒူးမြို့၌ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပါသည်။
တရုတ်စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံ၌ လာရောက်ရင်နှီးမြှုပ်နှံမည့် အခြေအနေ၊ စွမ်းအင်၊ အခွန်၊ သွင်းကုန်ပို့ကုန်၊ ဥပဒေရေးရာကိစ္စရပ်များနှင့် အခြားလုပ်ငန်းများကို ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတက တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏မေးမြန်းမှုကို တစ်ချက်ချင်းစီအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပါသည်။
- Log in to post comments
News Category
Detail Link
Read More