Skip to main content
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သတင်းမှတ်တမ်းဗီဒီယိုများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ဖွဲ့စည်းခြင်းနှင့် ရေယာဉ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြား။ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး။ မြန်မာနိုင်ငံ၏ ပထမဆုံးသော မြေအောက်လမ်းကူးလူသွားဥမင် ဖွင့်ပွဲအခမ်းအနားတက်ရောက်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံး၊ ရန်ကုန်မြို့တော်ခန်းမ၌တွေ့ဆုံ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - တောင်ကြီးမြို့ ၊ အေးသာယာစက်မှုဇုန်အတွင်းရှိ ရှမ်းရိုးမမွေးမြူရေးဇုန်၌ ဥစားကြက်မွေးမြူထားရှိမှု ကြည့်ရှုအားပေး၊ ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဉီးစေတီတော်မြတ်ကြီးဖူးမြော်၊ အင်းလေးဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်မည့် အခြေအနေလှည့်လည်ကြည့်ရှု။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ ဓာတ်ရောင်ခြည်ကုသဆောင်နှင့် ကင်ဆာရောဂါခွဲစိတ်ကုသဆောင်ဖွင့်လှစ်ပွဲတက်။ ကလောမြို့ရှိ စစ်ဉီးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအားတွေ့ဆုံ။ ကလောမြို့နှင့် အောင်ပန်းမြို့တို့ရှိ ဒေသခံမြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် ကလောမြို့ စစ်ဉီးစီးတက္ကသိုလ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၊ ကလောမြို့နှင့် အောင်ပန်းမြို့တို့ရှိ ဒေသခံမြို့မိ မြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်၊ လက်ဖက်ရည်ဝိုင်းဖြင့်ဧည့်ခံ။ ၂၀၂၁ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့မှာ ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့သဝဏ်လွှာပေးပို့ခြင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - တောင်ကြီးမြို့ရှိ ၊ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်သို့သွားရောက်၍ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖိုဒ့် ဆရာတော်အားဖူးမြော်ကြည်ညှိ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ ဗုဒ္ဓတက္ကသိုလ်ရှိ ပိဋကတ်စာကြည့်တိုက်ရှေ့တွင် ထိုင်ဝမ်ဗန်ဒါပင် အမှတ်တရစိုက်ပျိုးပေး။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား တွေ့ဆုံ အမှာစကားပြောကြား၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းစစ်ဆေး။ အရှေ့ပိုင်းတိုင်စစ်ဌာနချုပ်၊ တောင်ကြီးတပ်နယ်ရှိ အရာရှိ ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနအုပ်ချုပ်ခန်းမ၌ တွေ့ဆုံ၊ အမျာစကားပြောကြား၊ တပ်နယ်အားကစားကွင်းအဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် အိမ်ထောင်သည်လိုင်းခန်းများ အဆင့်မြှင့်တင်ဆောက်လုပ်နေမှု အခြေအနေများစစ်ဆေး။ တောင်ကြီးမြို့နယ် ၊ ပင်းပက်ဒေသ၊ ပင်ငိုကျေးရွာအနီးရှိ စက်မူဝန်ကြီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)ကြည့်ရှုစစ်ဆေး၊ မိုင်းတောင်ရှုရပ်မှ တဆင့် စက်ရုံနှင့် ကုန်ကြမ်းထုတ်ယူနိုင်မည့် နေရာများကြည့်ရှု။