Skip to main content
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သတင်းမှတ်တမ်းဗီဒီယိုများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီမော့မြို့ Far Eastern Federal University (FEFU) တက္ကသိုလ်ပါမောက္ခချုပ် Mr. Boris Nikolaevich Korobets နှင့်တွေ့ဆုံဆွေးနွေး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Vostochly Cosmo-Drome အာကာသယာဉ်လွှင့်တင်ရေးစခန်းသို့ သွားရောက်လေ့လာ၊ Angara ဒုံးပျံပစ်လွှတ်စဉ် တည်ဆောက်မှုလုပ်ငန်းခွင်နေရာနှင့် Soyuz-2 ဒုံးပျံပစ်လွှတ်စင်တည်ဆောက်မှုလုပ်ငန်းခွင်နေရာနှင့် Soyuz-2 လေ့လာတည်ဆောက်မှု၊ Soyuz-2 ဒုံးပျံရှေ့တွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်၊ Engineering Technical Building (GP-S) တွင် ရုရှားနိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း၏ အထွေထွေညွှန်ချုပ်နှင့် တွေ့ဆုံဆွေးနွေး။ Republic Of Buryatia ပြည်နယ်၊ Unan-Ude မြို့သို့ရောက်ရှိ၊ Ivolgilsky Dastal ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်လေ့လာ။ Republic Of Buryatia ပြည်နယ် အစိုးရအဖွဲ့အကြီးအကဲ Aleksey Sam-Buyevich Tsydenov နှင့် ခေတ္တတည်းခိုလျက်ရှိသည့် Unan-Ude မြို့၊ Mengen Bator ဟို တယ် Tengeri ညီလာခံခန်းမ၌ တွေ့ဆုံဆွေးနွေး၊ Republic Of Buryat ပြည်နယ် အစိုးရအကြီးအကဲအဖွဲ့က ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ။ Unan-Ude မြို့ရှိ ရုရှားသိပ္ပံအကယ်ဒမီ၊ မွန်ဂို၊ တိဘတ်နှင့် ဗုဒ္ဓဘာသာလေ့လာရေး အင်စတီကျူ့ဆိုက်ဘေးဒီးယားဌာနခွဲ နယူးကလီးယားဆေးဘက်ဆိုင်ရာစင်တာ၊ ကင်ဆာဌာနနှင့် ရထားစက်ခေါင်းပြင်ဆင်ရေးအလုပ်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တက်ရောက်ရန် နေပြည်တော် တပ်မတော်လေဆိပ်မှထွက်ခွာ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဉီးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့- ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီမော့စတော့ခ်မြို့ရှိ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း၊ အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ်နှင့် ဗလာဒီမော့စတော်ခ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတို့သို့သွားရောက်လေ့လာ။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လာဒီမော့စတော်ခ်မြို့ Far Eastern Federal University (FEFU) အတွင်းရှိ Medical School နှင့် Medical Center တို့သို့သွားရောက်လေ့လာ။ Eastern Economic Forum 2022 ရှိ Exhibition အတွင်း ခင်းကျင်းပြသထားမှုအား လေ့လာကြည့်ရှု၊ Rosatom State Corporations မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုများအား လက်ခံဖြေကြား။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏အကြံပေးနှင့် ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ အထူးအတွင်းရေးမှူး Mr.Anton Kobyakov နှင့် တွေ့ဆုံဆွေးနွေး။