Skip to main content
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သတင်းမှတ်တမ်းဗီဒီယိုများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - ဘုတ်ပြင်းမြို့နယ်ရှိ တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှု။ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ ဘုတ်ပြင်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား။ နှစ် (၇၀) နှစ်ပြည့် ကယားပြည်နယ်နေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့။ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအားဆွေးနွေး။ မြိတ်ခရိုင်အတွင်းရှိ ငါးဖမ်းလုပ်ငန်း၊ ငါးပုဇွန်မွေးမြူရေးလုပ်ငန်းနှင့် ဒေသအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့တက်ရောက်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ မောရဝတီ ရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်အရာရှိများအား တွေ့ဆုံအမှာစကားပြောကြား။ ထားဝယ်မြို့ကျက်သရေဆောင် လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို။ ကမြောကင်းတံတားတည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး။ ထားဝယ်တက္ကသိုလ်နှင့် ထားဝယ်ကမ်းနားတလျှောက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်နိုင်မည့် အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei-Techo HUN SEN နှင့်တွေ့ဆုံ။ မြန်မာ - ကမ္ဘောဒီးယား နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကျင်းပ။ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ၊ အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်။ (၇၄) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား။