Skip to main content

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံပေးပို့သည့် သဝဏ်လွှာ

ပေကျင်းမြို့၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၈ ရက်

 

အဆွေတော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်

 

အဆွေတော်ခင်ဗျား

 

မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် အထိမ်းအမှတ်အခါသမယတွင် တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများထံသို့ မိမိအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါသည်။        

 

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ချိန်မှစ၍ (၇၅)နှစ်တာကာလအတွင်း နှစ်နိုင်ငံအကြားရှိ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးသည် စိန်ခေါ်မှုများကြားမှပင် ပိုမိုရှင်သန်ခိုင်မာလာခဲ့ပါသည်။ နှစ်နိုင်ငံလုံးမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်နှင့် ဘန်ဒေါင်းစိတ်ဓာတ်တို့ကို လိုက်နာကျင့်သုံးလျက်ရှိပြီး အိမ်နီးချင်းကောင်းမိတ်ဖက်ဆက်ဆံရေးကို စိတ်ဓာတ်ဖြင့် နှစ်ဖက်အကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေလျက် မိမိတို့နှစ်နိုင်ငံအတွက် အဓိကအရေးပါသည့် အကျိုးစီးပွားနှင့် ဘုံအရေးပါသည့်ကိစ္စရပ်များတွင် နှစ်ဖက်အကြား အပြန်အလှန် ခိုင်မာစွာထောက်ခံရပ်တည်ပေးလျက်ရှိခြင်းတို့သည် ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး၏ကောင်းမွန်သည့်သာဓကအဖြစ် ရှိနေပါသည်။

 

ပြီးခဲ့သည့်မေလက အဆွေတော်နှင့် ရုရှားနိုင်ငံ၌ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အေးအတူပူအမျှအသိုက်အဝန်း မြှင့်တင်ထူထောင်ခြင်းနှင့်ပတ်သက်၍ အရေးကြီးသည့် သဘောတူညီချက်များ ရရှိခဲ့ပါသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုက တရုတ်နိုင်ငံအတွက် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်လျက်ရှိပါသည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅)နှစ် မြောက်အခါသမယတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ရပ်ဝန်းနှင့်ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ တရုတ် - မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ထောင်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သည့်အကျိုးစီးပွားများကို အတူတကွဆောင်ကြဉ်းရန် အသင့်ရှိပါကြောင်းကို ပြောကြားလိုပါသည်။

 

မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားများအားလုံး ကျန်းမာရွှင်လန်း၍ သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

 

ရှီကျင့်ဖျင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ